ပဲခူး စက်တင်ဘာ ၁၁
ပဲခူးမြို့ ညောင်အင်းကျေးရွာ၊ ညောင်အင်းစက်မှုဇုန်ရှိ မယ်လိုဒီဖိနပ်စက်ရုံတွင် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ် အချိန်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ ညောင်အင်းစက်မှုဇုန်အတွင်းရှိ မယ်လိုဒီ ဖိနပ်စက်ရုံ(အကွက်နံပါတ်-၂၈)ဝန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိ၍ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)