အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ​ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ပြုလုပ်သည်။
Sep 12,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရီးသွားပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းMaskများ နေအိမ်ပြင်ပထွက်တိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ကို ပြည်သူများ ရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက   မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
Sep 12,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် COVID-19ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက်  Mask  Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၇)နာရီအချိန်က တံတားဦးမြို့ အမှတ်-၂ ရပ်ကွက် ဆုံကုန်းရပ် မြို့ဝင်၊ မြို့ထွက် ဆိုင်းဘုတ်အနီးတွင်  ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တိုင်း ၉ မှ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ကုန်ကျစရိတ်သက်သာစေ ရေးနှင့် မိမိတို့ သွားလိုရာသို့ အချိန်တိုအတွင်းသွားလာနိုင် ရေးအတွက် ပုသိမ်-ဟင်္သာတ-ကြံခင်း သို့ ၁၈၁ အဆန်အမြန်ရထားနှင့် ၁၈၂ အစုန် အမြန်ရထားများကို စက်တင်ဘာ ၁၁ ရက် နေ့မှ စတင်၍ ပြန်လည်ပြေးဆွဲပေးနေကြောင်း သိရသည်။
Sep 11,2022
လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Showကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
Sep 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင် ဦးစီး၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့တွင် ကင်းဆိပ်အုပ်စု၊ ကံတော်ပေါက် ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အမှတ်(၄)နယ်မြေ ပန်းတင်ကုန်းရပ်ရှိ မီးရထား ဘူတာရုံ၌ ပုသိမ်-ကြံခင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၈၁) အဆန်ရထား စတင် ပြေးဆွဲမှုအခမ်းအနားကို ယနေ့ နံနက် (၅)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့သည်။