တွံတေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၂၄၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်

တွံတေး မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၆ ခုနှစ် မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၂၄၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တွံတေးမြို့နယ်တွင် တက္ကသိုလ်စာမေးပွဲကို အ.ထ.က (၁) စာစစ်ဌာန (၁) တွင် ကျောင်းသား၊ ကျောင်းသူ (၅၆၃) ဦး၊ အ.ထ.က (၂) စာစစ်ဌာန (၁) တွင် (၃၄၅) ဦး၊ အ.ထ.က (၂) စာစစ်ဌာန (၂) တွင် (၂၉၈) ဦးနှင့် အ.ထ.ကသဝန်းတော စက်၊ စိုက်၊ မွေးကျောင်း စာစစ်ဌာနတွင် (၄၂) ဦးတို့က အဆိုပါ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုနိုင်ရန် လျှောက်လွှာများ လျှောက်ထားကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် ကျောင်းလုံခြုံရေးများ၊ ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးလှိုင် (တွံတေး)