ဗိုလ်တထောင် မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဘိုကလေးဈေးအား မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး အသိပညာပေးဆော်ဩခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ (၁၀း၀၀) အချိန်က တာမွေမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးအာကာမင်းခင်ပါ ၅ ဦး စျေးတာဝန်ခံ၊ စျေးလုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေး ဆော်ဩခြင်းလုပ်ငန်းဆာင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးအာကာမင်းခင်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)