သပိတ်ကျင်း မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ လူနေအိမ်များ၊ စားသောက်ဆိုင်နှင့်ဈေးဆိုင်များအနေဖြင့် ပေါ့ဆမှုကြောင့် မီးလောင်မှု မဖြစ်ပေါ်စေရန်၊ သုံးစွဲပြီးမီးကို စနစ်တကျငြှိမ်းသတ်ကြရန်၊ အရွယ်မရောက်သေးသောကလေးများ မီးကိုကိုင်တွယ်အသုံးပြုခြင်းမရှိစေရန်၊ မီးဖိုနှင့်အနီးတဝိုက်တွင် မီးလောင်လွယ်သောအရာဝတ္ထုများ လောင်စာဆီများ မထားရှိရန်၊ လောင်စာဆီများ သိုလှောင်ထားခြင်းမရှိစေရန်၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက အဆင်သင့်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးများ၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကတ်၊ ရေပုံးနှင့် လှေကားများ အသင့်ပြင်ဆင်ထားရှိကြရန် ကွင်းဆင်းလမ်းညွှန်မှာကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကွင်းဆင်းကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)