ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၌ နွေနှမ်းသီးနှံ လျာထား(၂၉၀၀၀)ဧကထက် (၁၅၂၀၆) ဧက ပိုမိုစိုက်ပျိုးနိုင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စီမံကိန်းသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်းစိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် နွေနှမ်းသီးနှံ လျာထား(၂၉၀၀၀)ဧကထက် (၁၅၂၀၆)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ပန်းတောင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့်  စာဖတ်ဝိုင်း ကျင်းပ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူများစာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာပေဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတိုင်ပင် ညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အထများဖြစ်ထွန်းလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေအိမ် များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်၊ ငလျင်ဘေးပြန်လည်‌ တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေအိမ် များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်၊ ငလျင်ဘေးပြန်လည်‌ တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး နေပြည်တော် ဇူလိုင် ၁၅ မြို့နယ် (ပြန်/ဆက်)

ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.ကဖိုးသိန်းတန်ကျောင်းတွင် ယမန်နေ့၊ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကွန်ပျူတာသင်တန်းအမှတ်စဉ်(၄/၂၀၂၅)နှင့် အခြေခံ တရုတ်/ ဂျပန်စကားပြော သင်တန်းများဖွင့်ပွဲ အခမ်းအနားနှင့် သူနာပြုသားဖွား သင်တန်းကျောင်း(မုံရွာ)အထူးနေ့လယ်စာစားပွဲတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၄/၂၀၂၅)နှင့် အခြေခံ တရုတ်/ဂျပန်စကားပြောသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ရွာတန်းရှည်-ဖျာပုံ-ဘိုကလေးကားလမ်း ကျေးရွာချင်းဆက်လမ်း ခင်းကျင်းမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၁၂၉.၁၈၈)သန်းဖြင့် ရွာတန်းရှည်-ဖျာပုံ-ဘိုကလေးကားလမ်း ကျေးရွာချင်းဆက်လမ်းအရှည် (၀.၄၀၂) ကီလိုမီတာ၊ အကျယ် (၃.၆၆)မီတာ၊ ထု(၁၇၅)မီလီမီတာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေး၊ အတိုင်းအတာပြည့်မှီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရှမ်းပြည်နယ်   (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအေခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ အချိန်က တောင်ဘွေကျေးရွာအုပ်စု၊ တောင်ဘွေကျေးရွာ၊ အမှတ်(၉၂) ခြေလျင် တပ်ရင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရွှေသောင်ယံမြို့၌ စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဆရာဇော်(ပညာရေး)ရေးသားသော အောင်မြင်ခြင်းသို့ ခြေလှမ်းများစွာစာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to