ကမာရွတ်မြို့နယ်၌ နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်

ရန်ကုန် မတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူထုအေခြပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံပန်းချီသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက အခြေခံပန်းချီရေးဆွဲနည်းအပြင် ဆက်လက်သင်ယူလေ့လာနိုင်မည့် နည်းလမ်းများကို ပါသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်

အဆိုပါအခြေခံပန်းချီသင်တန်းကို မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး သင်တန်းတက်ရောက်၍ တစ်လကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်ဆက်)