ဝါးခယ်မတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်သင်ကြား

ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဦးဆောင်ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ဝါးခယ်မမြို့နယ် မင်းပိုင်းရပ်ကွက် ရွှေခယ်သီရိအားကစားခန်းမ၌ ယမန်နေ့နံနက်ပိုင်းမှစကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာစီစာကုံးပြိုင်ပွဲကျင်းပ

အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းသိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အတုယူလေးစားစေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ် စာရေးဆရာအသင်း တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်း လွဲ ၁ နာရီအချိန်က ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ရာ ဒေါပုံမြို့နယ်စာရေးဆရာအသင်း နာယကကြီးများ၊ အလုပ်အမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

တောင်ငူမြို့၌ လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန္၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၉)ရပ်ကွက်၊ မင်္ဂလာသိမ်တော်ဦးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

မြောင်းမြမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ မြို့နယ်​ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အား တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင်  တိုင်းရင်းဆေးဖြင့် ပြည်သူများအား(အခမဲ့) ကွင်းဆင်းဆေးကုသ  

ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိဉာဏ်ဗဟုသုတကြွယ်ဝစေရန်နှင့် ကျန်းမာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ ဇူလိုင် ၁၄ ရက်က ကျောက်ပန်းတောင်းမြို့  မြို့မကွက်သစ်  (အ-မ-က) သို့ ကွင်းဆင်း၍ ဟောပြောပွဲနှင့်တိုင်းရင်းဆေး(အခမဲ့)ဆေးကုသပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ဖျာပုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ သင်တန်းနှင့်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to