မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၌ ဝန်ထမ်းများအား မီးဘေးအန္တရာယ်အကြောင်းအသိပေးရှင်းလင်းခြင်းနှင့် မီးငြှိမ်းသတ်မှုလက်‌တွေ့သရုပ်ပြသခြင်း အခမ်းအနားတက်ရောက်

မကွေး  မတ်  

မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပေးရှင်းလင်းခြင်းနှင့် မီးငြှိမ်းသတ်မှုလက်‌တွေ့သရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံးဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှအရာထမ်း၊ အမှုထမ်း(၂၀၀)ကျော် တက်ရောက်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူးဦး‌ဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရှေ့ဦးမီးငြှိမ်းသတ်ရေးပစ္စည်းဖြစ်သော မီးသတ်ဆေးဘူးကို နည်းစနစ်မှန်ကန်စွာကိုင်တွယ်အသုံးပြုတတ်စေရေး သရုပ်ပြသခြင်း၊ “191” Application အသုံးပြုပုံ၊ Gas Fire သရုပ်ပြခြင်း၊ ဆီမီးလောင်ငြှိမ်းသတ် မှုလက်တွေ့သရုပ်ပြခြင်းများကိုဆောင်ရွက်ရာ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများက ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာအောင်မြင့်ဦးက မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ သေချာစွာလိုက်နာဆောင်ရွက်သွားကြ ရန်နှင့်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမျိုးလှိုင်မှ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် Power Point Presentation ဖြင့် အသိပညာပေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)