ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ ဆောင်ရွက်

ဒဂုံမြောက် မတ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် KTV ဆိုင်များနှင့် စားသောက်ဆိုင်များတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် (၃၈) ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ် (၇၈) ရှိ The Best (KTV)၊ အမှတ် (၄၂) ရပ်ကွက်၊ ဦးဝိစာရလမ်း၊ အမှတ် (A-60) ရှိ Viber (KTV) နှင့် အမှတ် (A-58) ရှိ Tiger Ace (စားသောက်ဆိုင်) တို့အား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို မတ် ၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်‌ ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးနှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ‌သည်။

မြင့်မြင့်ရီ