သင်္ဃန်းကျွန်းမြို့နယ်၌ သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံ စာရင်းရေး စာရင်းကိုင်သင်တန်း ဆင်းပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့် မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ အသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။