ဟိုပုံး ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများအား စွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်သည်။
အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဦးစီးတာဝန်များ၊ ဝန်ထမ်းစည်းမျည်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ သစ်တောဥပဒေညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစင်ရေးဆိုင်ရာများ၊ နိုင်ငံခြားသားဥပဒေနှင့် လဝကလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးသည့် ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ယစ်မျိုးနှင့် ဓာတ်သတ္တုအမှုတွဲတည်ဆောက်ခြင်း လုပ်ထုံးလုပ်နည်းများ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့အသုံးပြုလျက်ရှိသည့် မီးသတ်ဥပဒေဘာသာ ရပ်များရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အခြားနည်းသုံးစွဲခွင့်လုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေးဓာတ်မြေဩဇာဥပဒေနှင့် သီးနှံအထွက်တိုးဆောင်ရွက်ရေးနည်းလမ်းများနှင့် အခြားဝန်ထမ်းရေးရာနှင့် ပတ်သက်သည်ဘာသာရပ်များကို ဇွန်လ(၈) ရက်နေ့မှ (၁၂) ရက်နေ့ အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)