ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းသို့ အသိပညာပေးဟောပြောကျင်းပ

တောင်ကြီး ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှပြုလုပ်နေသည် သင်တန်းသို့ အသိပညာပေးဟောပြောကို ဇွန် ၁၂ ရက် မွန်းလွဲ ၁ နာရီက  လူထုအခြေပြု ဗဟိုဌာန၊ ဘက်စုံသုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောတွင် အမှတ် (၁၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (တောင်ကြီး) ရဲမှူးမျိုးဇင်က လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၂၅) မူးယစ်တပ်ဖွဲ့စု(တောင်ကြီး)ရဲအုပ် သိန်းတင်ဦးက မူးယစ်ဆေးဝါအန္တရာယ် အကြောင်းခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း (၃) မျိုးမှာ သင်တန်းသား၊ သင်တန်းသူ ၉၆ ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

စိုင်းသန်းကျော်(တောင်ကြီး)