၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်နှင့်အောက် အမျိုးသား/ အမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၃

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ် နှင့်အောက် အမျိုးသား/ အမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ မြန်မာနိုင်ငံစားပွဲတင် တင်းနစ် အဖွဲ့ချုပ်၊ လေ့ကျင့်ရေးအားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အတူ တိုင်း ဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ ပွဲစဉ်တစ်လျှောက် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဒိုင်လူ ကြီးများ၊ အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အမျိုးသမီးအသင်း လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် သင်္ဃန်းကျွန်းခရိုင်အသင်း၊ ဒုတိယဆုရရှိသည့် အင်းစိန်ခရိုင်အသင်း၊ တတိယဆုရရှိသည့် ကျောက်တံတားခရိုင်အသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် သန်လျင်ခရိုင်အသင်း၊ အမျိုးသားအသင်း လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောက်တံတားခရိုင်အသင်း၊ ဒုတိယဆုရရှိသည့် လှည်းကူးခရိုင် အသင်း၊ တတိယဆုရရှိသည့် သင်္ဃန်းကျွန်းခရိုင်အသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် အလုံခရိုင်အသင်း၊ အမျိုးသမီးအသင်းလိုက် ဆုဖလားရရှိသည့် သင်္ဃန်းကျွန်းခရိုင်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားတို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် အမျိုးသားအသင်းလိုက် ဆုဖလားရရှိသည့် ကျောက်တံတားခရိုင်အသင်းအား ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဆုဖလားကို ပေးအပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို အားကစားသမား(၁၄၄)ဦးဖြင့် ဇွန်လ()ရက်နေ့မှ ဇွန်လ (၁၂)ရက်နေ့အထိ ကျင်းပခဲ့ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)