Football For School Frogram Launching Ceremony အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊အခြေခံပညာဦးစီးဌာန၊ Football For School Frogram Launching Ceremony အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် အမျိုးသား/ အမျိုးသမီးဘောလုံး အားကစားသမားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူ အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြ ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ လှူဒါန်းသည့် ဘောလုံး (၃၉၀၂)လုံးကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများသို့ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်ခံရယူခဲ့သည်။

၎င်းနောက် MFF “D” Certificate Coaching Course တက်ရောက်သည့် ကာယပညာ ဆရာ၊ ဆရာမ များက ကျောင်းသား၊ ကျောင်းသူ အားကစားသမားများ(၃၀၀)ဦးအား Football For School သင်ခန်း စာများကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)