မိုးနဲ ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်ရန် ပေါင်စနစ်ဖြင့်ပျိုးထောင်မှုကို ယမန်နေ့ နံနက် ၈ နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစိုင်းသန်းထွန်းနှင့်ဦးစိုင်းထွန်း တို့၏ လယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပေါင်စနစ်ဖြင့်ပျိုးထောင်ခြင်းဖြင့် မျိုးစေ့နှုန်းထား သက်သာစေခြင်း၊ ပျိုးပင်ကြီးထွားမှု ညီညာသန်စွမ်းခြင်း၊ ပင်ပွားပွားစည်းမှု ပိုမိုကောင်းမွန်ခြင်း၊ ပျိုးခင်း အတွင်းပေါင်းနှိမ်နင်းမှု လွယ်ကူခြင်း၊ အထွက်နှုန်း တိုးတက်စေသည့် ကောင်းမွန်သန်မာသော ပျိုးပင်များရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)