တောင်ကြီး ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရေး ဆရာများနှင့် အခြေခံပညာအထက်တန်းများတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇွန် ၁၁ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ပုလဲအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်စိုးက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းသိန်းအောင်က ဗလငါးတန်ဖွံ့ဖြိုးရေးစာအုပ်စာစောင်ဖတ်ကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇာဏီဟိန်း(သီပေါ) စာရေးဆရာ ဦးမြသန်းက ရာသီဥတုပြောင်းလဲမို့ ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါစာပေဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းသိန်းအောင်၊ ဇာဏီဟိန်း(သီပေါ) စာရေးဆရာ ဦးမြသန်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်စိုး၊ ဆရာ၊ ဆရာမများ ဂရိတ် ၈ ကျောင်းသား ၁၂၂ ဦး၊ ကျောင်းသူ ၁၄၁ ဦးနှင့် စာပေါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)