မြောင်းမြမြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် လူငယ်အသိပညာပေး ဟောပြောပွဲ များ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က တောင်ပေါ်စုကျေးရွာနှင့် သိလ္လာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။