ချောင်းဆုံ ဩဂုတ် ၁၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသဝမ်းစာ စပါးဖူလုံစေရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း မိုးစပါး စိုက်တောင်သူများအနေဖြင့် စိုက်ဧက (၆၅၂၄၂) စိုက်ပျိုးနိုင်ရန် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ လျာထားလျက်ရှိပြီး ဩဂုတ်လ (၁၂) ရက်နေ့အထိ မိုးစပါး (၆၄၀၃၈) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၈.၀၅) ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက် ပြည့်မီကျော်လွန်စေရေး ၊ မျိုးကောင်း မျိုးသန့် စပါးများစိုက်ပျိုး၍ အထွက်နှုန်း တိုးပွားစေရေး ၊ စိုက်နည်းစနစ် နှင့် သဘာဝမြေသြဇာ သုံးစွဲမှု နည်းစနစ်မှန်ကန်စေရေးအတွက် ဝန်ထမ်းများမှ ကွင်းဆင်းပြီး တောင်သူများအား အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း (၂၀၂၃) ခုနှစ် မိုးစပါးစိုက် တောင်သူများ စိုက်ပျိုးရာသီ မကျော်လွန်ခင် အချိန်မီစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)