ရခိုင်ပြည်နယ်မောင်တောမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၀ ရက်နေ့နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါး ပျိုးခင်းအား ဓာတ်မြေဩဇာ ကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။