စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်နှင့်အဖွဲ့ နတ်တလင်းမြို့ဆည်ရေမြှင့်အဆောက်အဦးတည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

နတ်တလင်း ဩဂုတ် ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ကျခတ်ဝါးရုံကျေးရွာအုပ်စု၊ ကျခတ်ဝါးရုံကျေရွာ၊ ရန်ကုန်-ပြည်ကားလမ်း‌ဘေးရှိ ဆည်ရေမြှင့်အဆောက်အဦးတည်ဆောက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ‌ ဆည်ရေမြှင့်အဆောက်အဦးတည်ဆောက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးကိုကိုဦးက ဆည်ရေမြှင့်တည်ဆောက်ထားရှိမှုကြောင့် တောင်သူလယ်သမားများအတွက် လယ်ယာစိုက်ပျိုးရာတွင် အသုံးဝင်မှုအကျိုးရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်မှ လိုအပ်ချက်ရှိသည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်ဆက်)