မိုင်းပန် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တောင်သူတို့စိုက်ပျိုးလျက်ရှိသော သီးနှံများအထွက်နှုန်းတိုးတက်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးသင်တန်းကို ဩဂုတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန်က နောင်ဟီးကျေးရွာအုပ်စု၊ နောင်မိုင်ခန်းမ၌ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းဇော်လင်းတင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ပေးခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးကဦးကျော်မိုးက စိုက်ပျိုးရေးနည်းပညာအကြောင်းအရာများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးဒေါက်တာကျော်ဝင်းက တိရိစ္ဆာန်ရောဂါကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)