သီပေါမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကုန်းသာကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၉)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ အကြောင်း အရာများအား ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့   ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမမောင်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်ဦးဆောင်၍ ကျန်းမာရေးစောင့် ရှောက်မှုများနှင့် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် နှုတ်မှုစွမ်းရည် တိုးတက်စေရန် လူငယ်များ အချင်းချင်း  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီက အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်များ မွမ်းမံပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊  ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း ဩဂုတ် (၄)ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း(၉)ခန်းပါ အောက်ထပ်အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း/ ကာ၊ (၂)ထပ်ဆောင် အဆောက်အဦ(၁)လုံး၊ စာသင်ခန်း(၇)ခန်း၊ နားနေဆောင်(၁)ခန်းပါ အောက်ထပ်အုတ်ညှပ်၊

ဆွမ်ပရာဘွမ်မြို့၌ ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲနှင့် အာဟာရဒါန စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျန်း‌မာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာ‌ပေး ဟောပြောပွဲနှင့် အာဟာရဒါန စားသောက်ဖွယ်ရာများကျွေး မွေးလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အ‌ခြေခံပညာ အထက်တန်း(မြို့မ)ကျောင်း "မရန်ယောရှု"ဆောင်၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ ကိုယ့်အားကိုယ်ကိုး ကျေးရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ကွန်ကရစ်တံတား များတည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး ကျေးရွာတွင်း လမ်းပြုပြင်ခြင်းနှင့် ကွန်ကရစ်တံတားများ တည်ဆောက်ခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် ကုန်စုံဆိုင်၊ စတိုးဆိုင်များအား အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစျေးအတွင်း ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ရွှေတောင်မြို့ပေါ် ကုန်စုံဆိုင်၊ စတိုးဆိုင်များကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/ မရှိတို့အား စစ်ဆေးကြည့်ရှုခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ဧရာမင်း၊မနောသုခ၊ရွှေမနော်၊ဆင်းသုခ မိုးစပါး(၅၂၈၁၇)ဧက စိုက်ပျိုးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ များအားအဓိကထားပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါး (၅၂၈၁၇)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ဧကများပြည့်မီ ကျော်လွန်ရေး မြို့နယ် ဆည်မြောင်းမှ စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃)နှင့် အစိုးရနည်းပညာအထက်တန်းကျောဂ်းတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါကျောင်းခန်းမတွင်ပြုလုပ်ပါသည်။

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အမျိုးသမီးကော်မတီနှင့် လူကုန်ကူးမှု တားဆီကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲကို ကျွန်းစုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to