ဖြူးမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာအားတောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးစိုက်ခင်းဖြင့် စိုက်ပျိုးထား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မိုးနေကြာစိုက်ပျိုးမှုမှာအခြားရာသီများ ထက်စိုက်ပျိုးမှုနည်းသော်လည်း ဒေသတွင်းစားသုံးဆီဖူလုံရေး၊ တောင်သူများတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေး စိုက်ခင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရန်ကုန်-မန္တလေးအမြန်လမ်းဘေး (၁၁၃)မိုင်အနီး စိုက်ခင်းအတွင်းတွင် စိုက်ပျိုးထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မချမ်းဘော အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် Grade-9 ကျောင်းသူ၊ ကျောင်းသားများက ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခေါ့ထိန်က စနစ်သစ်ပညာရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ ဆောင်ရွက်လိုက်နာရမည့် အချက်များကို လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

ပေါက်တောမြို့မှ ခရီးသည်များပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်အား အန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် ပေါက်တောမြို့မှ စစ်တွေမြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ရွှေပြည်တန်အ​မြန်ရေယာဥ် ဆိပ်ကမ်းဖောင်တော်မှ ထွက်ခွာမည့်ခရီးသည်တင် ရွှေပြည်တန်အမြန်ရေယာဥ်အား ကြံ့ခိုင်မှုအပါအဝင်စည်းကမ်းချက်များ ညီညွတ်မှု ရှိ၊မရှိ ပေါက်တောမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)တွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ ကျင်းပသည်။

တာချီလိတ်မြို့၌ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၃) မျိုး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပလက်တီနမ်စတားဟိုတယ်၌ ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

နောင်ချိုမြို့၊ မြို့နယ်သာသနဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေကျပ်သိန်း(၄၀)လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဒေါ်ကြည်ကြည်မြင့်၏ လယ်မြေ၌ ကျင်းပကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ဘုန်း​တော်ကြီး​ကျောင်းများနှင့် လူနေအိမ်များရှိ ရေတွင်း၊​ ရေကန်များအား ကလိုရင်းဆေးနှင့်အဘိတ်​ဆေးခတ်ခြင်းများ ဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ ဘီးလင်းမြစ်ရေ လျှံတက်မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သော မြို့ပေါ်ရပ်ကွက် ဘုန်းတော်ကြီး​ကျောင်းများနှင့် လူနေအိမ်များရှိ ရေတွင်းများအား ကလိုရင်းဆေးများခတ်ပေးခြင်း၊ ရေကန်များကို အဘိတ်ဆေးများ ခတ်ပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှ စတင်ကာ အဖွဲ့သုံးဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေလီ(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်အမှတ်(၆)အား စစ်ဆေးပြုပြင်မည်ဖြစ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များနှင့်မြို့ငယ်များကို အဓိကလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးပို့လျက်ရှိသော နမ့်ခမ်းမြို့နယ်ရှိ ရွှေလီ(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်အမှတ်(၆) အား စစ်ဆေးပြုပြင်မည်ဖြစ်၍ (၂၀.၈.၂၃)ရက်နေ့မှ (၂၅.၈.၂၃) ရက်နေ့အထိ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဦးစီးဌာန၏ ရုံးအမိန့်စာအရ သိရှိရပါသည်။
Subscribe to