လားရှိုးမြို့တွင် သာသနာ့နုဂ္ဂဟအသင်းကြီးမှကြီးမှူး၍ ဝါတွင်းကာလအတွင်း သံဃာတော်များအတွက် အရုဏ်ဆွမ်းလောင်းလှူ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သာသနာ့နုဂ္ဂဟအသင်းကြီးမှကြီးမှူး၍ ဝါတွင်းကာလအတွင်း သံဃာတော်များ ဆွမ်းအဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၅နာရီအချိန်တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။