သာကေတမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများ၏ကာယ၊ဥာဏ၊ စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၁၁ ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းစိန်ညီလာခန်းမ၌ ကျင်းပခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား‌၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း “သပြေ” ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပန်၌ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ် စံပြမိခင် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မှု စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ HPA မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းနှင့် မြို့နယ်ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ် စံပြမိခင် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မှု စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍   စေတီယျတောင် တောင်စောင်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ကြသည်။

တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး

တံတားဦးခရိုင် တံတားဦးမြို့ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်းပြီး ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

မလှိုင်မြို့၌ အဂတိတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ဝန်ထမ်းများအား အဂတိတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ(၃)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မလှိုင်မြို့ လေသာကျောင်းတိုက်၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ အမှတ်(၃)ရပ်ကွက်ရှိ လေသာကျောင်းတိုက်တွင် ဝါဆိုဝါကပ်တော်မူ ကြသည့်သံဃာတော်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကို ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ၏ ပုံတူ(ကြေး)ရုပ်တုတော်အား လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ရှိရာသို့ပင့်ဆောင်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်တွေမြို့ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ဘဒ္ဒန္တကုလရက္ခိတ၏ ပုံတူအမြင့်(၆)ပေရှိ(ကြေး)ရုပ်တုတော်ကို လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဘုရားဝင်းအတွင်းတွင် တည်ထား ကိုးကွယ်နိုင်ရန် တောင်ကုတ်မြို့မှမာန်အောင်မြို့သို့ အလင်းရောင်သင်္ဘောဖြင့် ပင့်ဆောင်လာရာ ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၉ နာရီက မြို့မဆိပ်ကမ်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပြည်သူများက ကြိုဆိုပူဇော်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကညင်ချောင်းစီးပွားဇုန်တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

လားရှိုးမြို့၊ မဟာဗောဓာရုံကျောင်းတိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မဟာဗောဓာရုံကျောင်းတိုက်တွင် ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to