ကျိုင်းလပ် ဩဂုတ် ၁၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်းရှိ ကျေးရွာများသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျခမ်းကျောက်အုပ်စု နမ့်ငေါ့ကျေးရွာ၊ မိုင်းပါလျိုးအုပ်စု ၀န်လန်းကျေးရွာနှင့် နမ့်ခင်းအုပ်စု၀မ်တုံ စသည့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဓာတ်မြေသြဇာ ပေးအပ်ပွဲတွင် ကျိုင်းလပ်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလေမိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က တောင်သူ လယ်သမားများအား ဓာတ်မြေဩဇာထောက်ပံ့ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလေမိုးနိုင်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမင်းအောင်နှင့် မြို့လယ်စီ/အင်းဦးစီးမှူး ဦးမောင်မောင်တာတို့မှ ကျေးရွာအုပ်စုများအတွက် မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေး တစ်အုပ်စုလျှင် ဓာတ်မြေဩဇာ၊ (၁၄)အိတ်နှုန်းဖြင့် စုစုပေါင်း ဓာတ်မြေဩဇာ(၄၂)အိတ်အား ထောက်ပံ့ပေးခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)