ကော့သောင်း ဩဂုတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်း အမှတ်စဉ် (၃/၂၀၂၃) အား ဩဂုတ်(၇)ရက်နေ့မှ ဩဂုတ်(၁၈) ရက်နေ့ထိ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ် စာတွေ့၊ လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်လှေကိုင်တွယ်မောင်းနှင့် ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းတွင် လက်တွေ့ရေယာဉ် မောင်းနှင်ခြင်း၊ စက်လှေတစ်စီး၏ အခြေခံဖြစ်သော အလုပ်လုပ်ကိုင်ပုံ၊ အင်ဂျင်အမျိုးအစားနဲ့ အဓိက အစိတ်အပိုင်းများ၊ ဆီထောက်ပံ့မှုစနစ်များ၊ ပဲ့ထိန်းစနစ် အလုပ်လုပ်ပုံ၊ မီးငြှိမ်းသတ်ရေးအတွက် ရေစုပ်ရေပက်ခြင်း သင်ခန်းစာများ၊ စက်လှေနှင့် သက်ဆိုင်သော သင်ခန်းစာများ၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများတွင် စက်လှေ မောင်းများအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်များကို ပိုမိုကျွမ်းကျင်အောင် သန္ဓေမီးသတ်တပ်ဖွဲ့မှ သင်တန်းသား(၁၀)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားလျက်ရှိ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)