ရေနံချောင်း ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် မိန်းမလှကျွန်းကျေးရွာမှ ရေဘေးရှောင်အိမ်ထောင်စုဝင်များနှင့် မကြီးတိုင်းကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်များပေးအပ်ခြင်းကို ဩဂုတ် ၂၅ ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်စုကြည်တို့က ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ဩဂုတ် ၂၄ ရက်က ဘုရားကုန်းကျေးရွာ ပင်းစက္ကလံပစေတီတန်ဆောင်များပေါ်တွင် ယာယီပြောင်းရွေ့ထားသည့် မိန်းမလှကျွန်ကျေးရွာမှ အိမ်ထောင်စု(၂၆)စုရှိ လူဦးရေ ၉၂ ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖို့ထောက်ပံ့ငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၉၃၂၀၀ ကျပ်ကိုလည်းကောင်း၊ ဩဂုတ် ၂၄ ရက်က မီးဘေးသင့်ခဲ့သည့် မကြီးတိုင်းကျေးရွာမှ အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့ငွေ ၁၂၁၀၀၀ ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးကိုလည်းကောင်း ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်