ပေါင်မြို့နယ်၌ သမဝါယမအသင်းအမှုဆောင်နှင့်အသင်းဝန်ထမ်းများ မွမ်းမံသင်တန်း ဆင်းပွဲကျင်းပ

ပေါင် ဩဂုတ် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သမယမအသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပခြင်းကို ယမန်နေ့ညနေပိုင်းက ပေါင်းရပ်ကွက်ရှိ  အသင်းစုရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမြင့်အောငက၊ ပေါင်မြို့နယ်၏ သမဝါယမအသင်းသည် နည်းစနစ်မှန်ကန်မှုကြောင့် ယခုအချိန်ထိ ရပ်တည်နေနိုင်လို့ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းအေးက အသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများ  သမဝါယမမွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းဖြင့် မိမိလုပ်ငန်းကို ပို၍ကျွမ်းမှုရှိစေရန်၊ လုပ်ငန်းအတွေ့အကြုံနှင့် ချမှတ်ထားသည့်စည်းကမ်းများ ပေါင်းစပ်၍ လုပ်ဆောင်ပါက လုပ်ငန်းများအောင်မြင်မှုရရှိ‌စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှဆင်းပြီးသည့်နှင့် စာတွေ့နှင့်လက်တွေ့များကို ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပဒုံမာသမဝါယမအသင်းမှ ဦးစောဦးက သင်တန်းတက်ရောက်ရခြင်းဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများကို သိခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး  ၎င်းသင်တန်းကို နည်းပြဆရာ (၆)ဦးက သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးအား(၅)ရက်ကြာ သင်ကြားပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)