ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေး

ပေါင် ဩဂုတ် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံ စားသောက်ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိသာ (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ (၁၅၀၀၀)ကျပ်၊ ဆန် ၁ ပြည်(၂၅၀၀)ကျပ်၊ ဆီတစ်ပိသာ (၆၀၀၀)ကျပ်၊ ကြက်ဥ(၅)လုံး(၁၂၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ အလုအယက်ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသံမရောင်း၊ အဖွဲ့ဝင်ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများ စုစုပေါင်း(၂၀)ဦးခန့်က သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)