ချောက်မြို့နယ်တွင် "မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"ကျင်းပ

ချောက် ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီခွဲအချိန်က‌ အမှတ် (၁၅) ရပ်ကွက်ဇီးချိုပင်ဂေါက်ကွင်း၌မိုးရာ သီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့သည်။

အဆိုပါ "မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"တွင် ပျိုးပင်များ​ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်မှအစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ချောက်) ကျောင်းအုပ်ကြီးဦးညိုချောအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးသိန်းဌေးအားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူးဦးကြည်လင်မှ အမှတ် (၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင် ထက်အားလည်းကောင်း ပျိုးပင်များအသီးသီးပေးအပ်ခဲ့သည်။

ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ စုပေါင်းအင်အား ၁၉၈ ဦး  ဖြင့် ယင်းမာ (၇၅) ပင်၊ တမာ (၇၅) ပင်၊ ကုက္ကိုလ် (၇၅) ပင်၊ ဖျောက်ဆိပ်  (၇၅) ပင် စုစုပေါင်းပျိုးပင်ရေ ၃၀၀ ပင် ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)