မိုင်းယု ဇွန် ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာဖတ်သူများ စာအုပ်များအလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ကျောင်းသား/သူများအား ယနေ့န့နက်ပိုင်းက ငှားရမ်းပေးခဲ့သည်။
သုတ၊ ရသစာအုပ်များကို ယူဆောင်ပြီး စာဖတ်သူများ စနစ်တကျငှားရမ်းနိုင်ရေးအတွက် ခင်းကျင်းပြသပေးပြီး စာဖတ်သူတစ်ဦးလျှင် သုတ/ရသ (၂) အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှားရမ်းပေးခဲ့ခြင်းဖြစ်ပြီး ငှားရမ်းဖတ်ရှုပြီးသည့် စာအုပ်များအား ပြန်လည်အပ်နှံခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများကို နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အားချာ