သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

သဲကုန်း ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များစိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရန်၊ ဂေဟစနစ်ပျက်စီးမှုကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှရရှိခံစားနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနမှ ယမန်နေ့နံနက်၈နာရီက သဲကုန်းမြို့နယ်၊ ကန်နှစ်ဆင့်ကျေးရွာ မြောက်ဘက် ကားလမ်းမကြီးနံဘေး 85N-5E 57855 မိုင်တိုင်အမှတ်(၇/၂) အကွက်တွင် ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသော ဌာနဆိုင်ရာများအကြီးအကဲများ၊ ဒေသခံပြည်သူများကို ပျိုးပင်များ ပေးအပ်ခဲ့သည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးစံရွှေ​​​မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအ​ကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သစ်တောဦးစီးဌာမှ မြို့နယ်ဦးစီးမှူးဦးသိန်းလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက ကျွန်း(၁၀၀)၊ ယူကလစ်(၄၀)၊ ပိတောက်(၃၀)၊ မန်ဂျန်ရှား(၁၀၀)၊ ဗာဒံ(၃၀)၊ စိန်ပန်းကြီး(၆၀) စုစုပေါင်း(၃၆၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနရုံးရှိ မြို့မပျိုးဥယျာဉ်တွင် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာစေရန် မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးရန်နှင့် လူထုဖြန့်ဝေရန် ကျွန်း (၉၅၀၀)၊ ကံ့ကော်(၁၀၀)၊ ပိတောက် (၁၀၀)၊ စိန်ပန်းကြီး(၁၀၀)၊ ငုရွှေဝါ(၁၀၀)၊ ရေတမာ(၁၂၀)၊ ဗာဒံ(၁၀၀)၊ ပျဉ်းကတိုး(၁၀၀)၊ မန်ဂျန်ရှား(၁၂၀၀၀)၊ ယူကလစ်(၁၇၀၀) စုစုပေါင်းပျိုးပင်(၂၅၀၀၀) ပျိုးထောင်ထားပြီး၊ သီးခြားပျိုးပင်များဖြစ်သော တမာ (၃၉၅၀၀)၊ အင်ပင် (၄၃၀၀)၊ မန်ကျည်း (၂၀၀၀) စုစုပေါင်းပျိူးပင် (၄၅၈၀၀)နှင့် သီးပင်စားပင်များဖြစ်သော ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ၊ ပိန္နဲ၊ သရက်၊ ကြောင်လျှာ၊ သခွတ်၊ ဒန့်သလွန် စုစုပေါင်း (၇၀၀၀)ပျိုးထောင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)