ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ စာပြန်/ စာဖြေပွဲတော်ကြီးအခမ်းအနားကို ဇွန်လ (၂)ရက်နေ့ နံနက် ၇ နာရီ ကကျင်းပပြုလုပ်ခဲ့ပြီး ယနေ့နံနက် ၇ နာရီအချိန်က (၇၀)ကြိမ်ပြည့် သာသနဟိတပရိယတိအာဂုဏ် စာပြန်ပွဲတော်ကြီးကို ထီးဖြူတော်ဖွင့်မိုး၍ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စာပြန်/စာဖြေပွဲတော်ကြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ဆရာတော်/ သံဃာတော်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။