မြို့သစ်မြို့၊ မြို့မဈေးကြီးအတွင်းအသားဆိုင်များအားသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချ ခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

မြို့သစ် ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့၊ မြို့မစျေးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာ သို့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်အဖွဲ့ဝင်များမှကြည့်ရှုခဲ့ပြီး မြို့မဈေးအတွင်းရှိ အသားဆိုင်များ၌လက် ရှိမြေပြင်တွင်ရောင်းချလျက်ရှိသော (အမဲသား၊ ဝက်သား၊ ဆိတ်သား၊ အသားများ၏ဈေးနှုန်းများကို ဆိတ်သားတစ်ပိဿာ ၁၆၀၀၀/ကျပ်၊ အမဲသားတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ဝက် သားတစ်ပိဿာ (၁၂၀၀၀) ကျပ် စျေးဖြင့်ရောင်းချရန် အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)