သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများဆောင်ရွက်

သုံးခွ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဖုံး၊ သွန်၊ လဲ၊ စစ်ကွင်းဆင်းဆောင်ရွက်ရာတွင် အ.ထ.က ၂ ကျောင်းနှင့် သုံးခွမြို့နယ်အတွင်းရှိ လူနေအိမ်များရှိ အုတ်ကန်၊ ရေစည်ပိုင်း၊ သံပေပါများထဲသို့ အဘိတ်ဆေးခပ်ခြင်း၊ ရေတင်ကျန်နိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်၊ ယင်မပေါက်ပွားနိုင်အောင် အသိပညာပေး‌ ဟောပြောခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)