လားရှိုးမြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးသီးနှံများစိုက်ပျိုးချိန် အဆင်ပြေစေရေး စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

လားရှိုး ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုးမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးသီးနှံများ အဆင်ပြေစွာဖြင့် စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၅ ရက်နေ့ထိ ဆုံကွယ်ကျေးရွာအုပ်စု၊ ဟိုနားကုန်းဆာကျေးရွာအုပ်စု၊ ဟန်နားကျေးရွာအုပ်စု နှင့် ကောင်းကြဲကျေးရွာအုပ်စုတို့မှ တောင်သူ ၁၃၂ ဦးအတွက် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရာသီတွင် လားရှိုးမြို့နယ်အတွင်းရှိ စပါးဧက (၃၆၀)ဧက ၊ ပြောင်း (၃၁၇)ဧက စုစုပေါင်းစိုက်ဧကပေါင်း (၆၇၇)ဧကအတွက် ချေးငွေပေါင်း ၈၅၇ သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း