ခန္တီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ခန္တီး ဇွန် ၅

၂၀၂၄ခုနှစ်၊ ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်က အဖွင့်အမှာစကား ပြောကြားကာ ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်ခိုင်ဝေမွန်က သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြာခဲ့ပြီး နှစ်ရှည်ပျိုးပင်များဖြစ်သည့် ပိတောက်၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ပျဉ်းကတိုး၊ ကျွန်း ပျိုးပင်စုစုပေါင်း အပင်ရေ(၂၀၀)အား ပေးအပ်ရာ မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဉီးကံထူး၊ ခန္တီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးသက်ဉီးဆွေတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သော ကျောင်းသား/သူလေးများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူလေးများ (၂၅၀)ဉီးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)