ပုလော ဇွန်လ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ပုလောမြို့ အ.မ.က(၅) ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပုလောမြို့နယ် အမှတ်(၁)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့်အဖွဲ့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက ပျဉ်းကတိုးအပင် ၁၅၀ ၊ မန်ဂျန်ရှား အပင် ၁၀၀ နှင့် မဟော်ဂနီအပင် ၅၀ စုစုပေါင်း ပျိုးပင်ပေါင်း ၃၀၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်