မင်းလှ ဇွန် ၅
၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ရွှေဝါမြိုင်သစ်တောပျိုးဥယျာဉ်စခန်း၌ ယနေ့နံနက် ၈ နာရီချိန်က ပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်အောင်၊မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးကျော်မျိုးမင်းတို့က သစ်ပင်စိုက်ပျိုးမည့်တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကျွန်း(၁၀၀)၊ ပျဉ်းကတိုး(၁၀၀)၊ မဟော်ဂနီ(၁၀၀)၊ ယမနေ(၁၀၀)၊ မန်ဂျန်ရှား(၁၀၀)စုစုပေါင်းပျိုးပင်(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)