သထုံမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

သထုံ ဇွန် ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် "သဲကန္တာရ တိုက်ဖျက်‌ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" နှင့် အညီ မြေယာပျက်စီးမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် သစ်တောသစ်ပင်များ ပြုန်းတီးမှု၊ မိုးခေါင်ရေရှားမှုများကြောင့် သက်ရှိတို့အပေါ် ဖြစ်ပေါ်နေသည့် ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်‌နိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးအမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်သီတာငြိမ်းက ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့ သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားပြီး သထုံ တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်းနှင့် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးတို့က ခရိုင်အဆင့် စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိကြသည့် ပေါင်မြို့နယ်မှ အ.ထ.က (ဇင်းကျိုက်)ကျောင်းနှင့် သထုံမြို့နယ်မှ မူလွန် (ပန်းတိမ်) ကျောင်းတို့အား ဂုဏ်ပြု ဆုချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သထုံတပ်နယ်မှူး၊ ဒုတိယခရိုင်အုပ်ချုပ်‌ရေးမှူး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ရုပ်သံဗီဒီယိုများ ပြသပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)