စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

စမ်းချောင်း ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူ၀န်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ ၀န်ထမ်းများက စမ်းချောင်းမြို့နယ် ကျွန်းတော(မြောက်)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)