ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုင်းတုံ ဇွန် ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်က မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများကို ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရေးအတွက် ဒေသတွင်း ရပ်ကွက်၊ ကျေးရွာများနှင့်  တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောနိုင်ရေး၊ မူးယစ်ဆေးဝါးဆန့်ကျင်‌ရေးဆိုင်ရာ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် အမှတ်(၂၈) မူးယစ် တပ်ဖွဲ့စုမှူး (ကျိုင်းတုံ) ရဲမှူး နိုင်သိန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)အဖွဲ့ဝင်များက မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)