အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အရာရှိကြီးများ၊ မြို့အဆင့်ဌာနဆိုင်ရာများက ၂၀၂၄ ခုနှစ် (မိုးရာသီ) စုပေါင်းသစ်ပင်စိုက်ပျိုး

ခိုလမ် ဇွန် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄ ခုနှစ် (မိုးရာသီ) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇) နာရီအချိန်က ရွှေစည်းခုံ ကောင်းမှုလျှံဘုရားအနီးတွင် စိုက်ပျိုးခဲ့သည်။

အဆိုပါ (မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အရာရှိကြီးများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ စစ်သည်/ရဲမေများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစု‌‌ပေါင်း (၆၃၀) ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းက ၂၀၂၄ ခုနှစ် (မိုးရာသီ) စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ဖို့၊ သစ်တောသံယံဇာတ ရေရှည်တည်တံ့စေဖို့၊ သစ်တောသစ်ပင်ပြုန်းတီးမှု ထိမ်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပါဝင်လာစေဖို့ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အရာရှိကြီးများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ စစ်သည်/ရဲမေများ၊ ဆရာ/ဆရာမများ၊ နှင့် ကျောင်းသား/ကျောင်းသူများက စိုက်ပျိုးမည့်နေရာတွင် အသီးသီးနေရာယူကာကျွန်း (၅၀၀) ခါတော်မီ (၅၀၀)၊ မျောက်ငို (၅၀၀) ပင်၊ စုစုပေါင်းပျိုးပင် (၁၅၀၀) ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)