ငရုတ်ကောင်း ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်တ်ဆေးခတ်ခြင်း၊ ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက(အ.ထ.က) ကျောင်းဝန်း၊ မြို့မဈေး၊ အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက်များ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်း၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များတို့ကခြင်များ အလွယ် တကူပေါက်ဖွားနိုင်သည့်ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများတွင် ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်တ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)