ဇီးကုန်းမြို့နယ်၌ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေး

ဇီးကုန်း ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့)ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဇီးကုန်းမြို့နယ် ကျွဲခြံကျေးရွာ တင်ဟော့ဇာထိုး ပန်းထိုးစက်ရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆေးကုသခြင်းကို လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)အစီအစဉ်ဖြင့် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် သုခမင်္ဂလာရောဂါရှာဖွေရေး (ဓာတ်ခွဲခန်း) တို့ ပူးပေါင်းပြီး လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ရွေ့လျားဆေးကုသယာဉ်ဖြင့်(အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၃၅၅)ဦးအား ရွေ့လျားဆေးကုသယာဉ်ဖြင့် လိုအပ်သောဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများနှင့် အခြားအထွေထွေရောဂါများအား စမ်းသပ်စစ်ဆေးပြီး၊ လိုအပ်သော ဆေးဝါးများပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)