ခမောက်ကြီးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၊ ခရိုင်အဆင့်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ တိလောကာရုံစာသင်တိုက်၊ ဘုန်းကြီးကျောင်းဝန်းအတွင်းကျင်းပရာ အဆိုပါအခမ်းအနားသို့ တိလောကာရုံစာသင်တိုက်နာယကဆရာတော်၊ အမှတ်(၂၀) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးမှူး၊ နယ်မြေရဲစခန်းမှူး၊ ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။