ကြံခင်းမြို့တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ကျောင်းဖွင့်ပွဲအခမ်းအနားနှင့် စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများ လှူဒါန်းပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မုခ်ထုတ်ကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့သော မေတ္တာရှင်လူငယ်ဖွံ့ဖြိုးရေးပရဟိတ (၄၂)နှစ်ပြည့်နှင့် ဘုန်းတော်ကြီးသင်ပညာရေး (၃၁)နှစ်ပြည့် အထိမ်းအမှတ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ကျောင်းဖွင့်ပွဲ အခမ်းအနားနှင့် စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများ လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။