ကံမမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁၂) နာရီက အသက် (၉) နှစ်ပြည်ပြီး အသက် (၁၂) နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။